ဘဝတစ်သက်တာစက်မှုနည်းပညာ
ဘဝအတွက် တီထွင်ဖန်တီးသည့် စီမံကိန်းများ

အပြောင်းအလဲတစ်ခုကို ကူညီဖန်တီးနိုင်သည့် စီမံကိန်းများ

Bosch ၏ ဆောင်ရွက်သမျှအရာအားလုံးသည် လူမှုဘဝအတွက် အကျိုးပြုနိုင်ရန် တီထွင်ဖန်တီးသည်ဟု ယုံကြည်ပါသည်။ ထို့ကြောင့်ပင် လူများအား အပြောင်းအလဲတစ်ခုကို စတင်နိုင်စေရေးကူညီရန်အတွက် Bosch ၏ နည်းပညာများနှင့် တီထွင်ဖန်တီးမှုများအသုံးပြု၍ ဤစီမံကိန်းများကို ဒီဇိုင်းဆွဲခဲ့ခြင်းဖြစ်ပါသည်။

Project Yonah

ကယ်ဆယ်ရေးဆောင်ရွက်မည့် ဆေးဘက်ဆိုင်ရာမောင်းသူမဲ့ယာဉ်များ!

Papua New Guinea ရှိ ဝေးလံခေါင်သီသည့်ဒေသများနှင့် နယ်စွန်နယ်ဖျားဒေသများ၏ ကျန်းမာရေးပြဿနာကြုံတွေ့နေရမှုများကို ဖြေရှင်းရန်အလိုအလျောက်မောင်းသူမဲ့ယာဉ်များနှင့် ကုန်ပစ္စည်းသယ်ပို့နိုင်စေဖို့ Bosch နှင့် စင်ကာပူအခြေစိုက် Yonah ကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။

Project Off Grid

လျှပ်စစ်ကွန်ယက်ပြင်ရောက်နေသည့် အရှေ့တောင်အာရှဒေသသို့ BIMA ရောက်ရှိလာခြင်း

စိတ်ချ၍မရသည့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးမှုဖြင့် အလုပ်လုပ်နေရသော ဆေးရုံတစ်ရုံကို တွေးကြည့်ရန်ပင် ခက်ခဲနေမည်ဖြစ်သော်လည်း ဤကိစ္စသည် အင်ဒိုနီးရှားရှိ အလုပ်များသောဆေးရုံများတွင် နှစ်ပေါင်းများစွာ အမှန်တစ်ကယ်ကြုံတွေ့နေခဲ့ရသည့်အရာဖြစ်ပါသည်။ ကံကောင်းသည်က Bosch ၏ BIMA ဟုခေါ်သော ဖြေရှင်းနည်းအသစ်တစ်ခု၏ကျေးဇူးကြောင့် အာရှတိုက်၏ ဝေလံခေါင်သီသောဒေသများတွင်ပင် လျှပ်စစ်ဓာတ်အားပြတ်တောက်ခြင်းသည် အတိတ်တွင်ကျန်ရစ်ခဲ့ပါပြီ။

Project Makers of Tomorrow

ကျောင်းသားများ သို့မဟုတ် အနာဂတ်ကို ပုံဖော်ကြသူများလား?

Bosch ၏ ရည်မှန်းချက်သည် အင်ဂျင်နီယာများ၏ ဖန်တီးနိုင်စွမ်းနှင့် လက်တွေ့ကျွမ်းကျင်မှုများအား မြှင့်တင်ပေးရန်ဖြစ်ပါသည်။ စတင်ဖွင့်လှစ်ခဲ့သည့်အချိန်ဖြစ်သော ၂၀၁၆ ခုနှစ် စက်တင်ဘာလတွင် လာအိုအမျိုးသားတက္ကသိုလ်မှ ကျောင်းသားများသည် ကျောင်းဝင်းအတွင်းရှိ အသုံးမပြုဘဲပစ်ထားသည့် ရေတိုင်ကီအဟောင်းတစ်ခုကို မည်သို့ပြန်လည်အသုံးချမည်ဆိုသည့်အပေါ် အစီအစဉ်ဆွဲကြရန် စိန်ခေါ်မှုတစ်ခုကို ပေးအပ်ခြင်းခံခဲ့ရပါသည်။

Project Smilefie

အားလုံး ပြုံးနေကြသည်

ဂျာကာတာမြို့တော်၏ 'ကားအသုံးမပြုသည့်နေ့' တွင် ကျင်းပခဲ့သည့် Bosch #SMILEFIE ပွဲတော်သည် ပွဲတော်လာသူများအား Bosch လုံခြုံရေးကင်မရာများအသုံးပြု၍ အပြုံးဆယ်လ်ဖီတစ်ပုံ ရိုက်ကူးရန်ဖိတ်ခေါ်ခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံသားများထံ ပျော်ရွှင်မှုများဆောင်ကျဉ်းပေးခဲ့ပါသည်။ သူတို့၏အပြုံးများကို အခြားသူများနှင့်မျှဝေရန်အတွက် တီဗီကြီးတစ်ခုဖြင့် ပြသခဲ့ပါသည်။

Project KickAndy

သန်းပေါင်းများစွာသော အင်ဒိုနီးရှားနိုင်ငံသားများကို စိတ်အားထက်သန်မှုခံစားရစေခြင်း

အင်ဒိုနီးရှား၏ မျိုးဆက်သစ်လူငယ်များကိုအားပေးရန်အတွက် တီထွင်သူလူငယ်များ၏ အကြံအစည်များကို သတိပြုမိစေရန်နှင့် ဆုများချီးမြှင့်ရန် နာမည်ကြီးရှိုးပွဲတစ်ခုဖြစ်သည့် Kick Andy ရှိုးပွဲတွင် စီမံကိန်းတစ်ခုကိုပြသရန် Bosch မှ စတင်ခဲ့ပါသည်။ ပထမဆုံး Bosch ပြိုင်ပွဲကို ၂၀၁၆ ခုနှစ် ဩဂုတ်လတွင် Kick Andy ရှိုးပွဲ၌ ပြသခဲ့ပြီး ဒုတိယပြိုင်ပွဲကို ၂၀၁၇ ခုနှစ် အောက်တိုဘာလတွင် ပြသခဲ့ပါသည်။ ဤစီမံကိန်းသည် တီထွင်ဖန်တီးသူလူငယ်များ၏ တီထွင်ဖန်တီးနိုင်စွမ်းရှိသည့် အတွေးအခေါ်များအတွက် နည်းပညာကုမ္ပဏီတစ်ခု၏ လုပ်ငန်းဆောင်ရွက်ပုံ အသေးစိတ်အချက်အလက်များကို ဆုအဖြစ်ချီးမြှင့်ခဲ့ပါသည်။

Project Beauty Beneath

လမ်းအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ ရှင်းလင်းပြတ်သားသောအမြင်

ယာဉ်မောင်းနေစဉ် အမြဲသတိရှိပါ။Bosch ၏ (high-pressure power washer) ကို အသုံးပြု၍ နံရံပေါ်တွင် အနုပညာလက်ရာနှင့် သတင်းစကားကို ဖန်တီးခဲ့ပါသည်။ Bosch သည် မြန်မာနိုင်ငံ၏ ထင်ရှားသောဂရပ်ဖတီအနုပညာရှင် အာကာကျော်နှင့်ပူးပေါင်း၍ ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် ဘုရင့်နောင်လမ်းရှိ အဆောက်အဦးဟောင်းတစ်ခု၏နံရံကို လမ်းအန္တရာယ်ကင်းရှင်းရေးအတွက် သတိပေးစကားကို ဖော်ပြထားသည့် နံရံဆေးရေးပန်းချီအဖြစ် အသွင်ပြောင်းခဲ့ပါသည်။

Project The Green Challenge

စိမ်းလန်းစိုပြေရေးနှင့် လေထုသန့်စင်ရေးသို့ ဦးတည်၍သွားခြင်း

ဒေသခံကျောင်းသားများ၏ဖန်တီးနိုင်စွမ်းကို မြှင့်တင်ပေးခြင်းဖြင့် စိမ်းလန်းစိုပြည်သည့် ဗီယက်နမ်နိုင်ငံအဖြစ် ဖန်တီးနိုင်ရေးဖြစ်သော Bosch ၏ ရည်မှန်းချက်ကိုဖော်ဆောင်နိုင်ရန် အရည်အချင်းရှိသောမျိုးဆက်သစ်လူငယ်များနှင့် အလုပ်တွဲလုပ်သည့် eScooter မျှဝေသည့်ဝန်ဆောင်မှုကို ဗီယက်နမ်နိုင်ငံတွင် စတင်ခဲ့ပါသည်။

Map of Numbers

နံပါတ်များ၏မြေပုံကို ရှာဖွေပါ

မနီလာမြို့တော်ရှိ Roxas လမ်းသို့ သင်ရောက်ဖူးခဲ့လျှင် Bosch မှ ဖန်တီးခဲ့သည့် အမျိုးအစားတစ်မျိုးတည်းသာရှိသော နံရံဆေးရေးပန်းချီကို တွေ့ရပါလိမ့်မည်။ အရွယ်အစားကြီးမား၍ ထင်ရှားနေသည့် အနုပညာလက်ရာသည် အားလုံးအတွက် အရေးကြီးသည့်ခေါင်းစဉ်တစ်ခုဖြစ်သော ယာဉ်အန္တရာယ်နှင့်လမ်းအန္တရာယ် ကင်းရှင်းရေးအတွက် အလွန်လိုအပ်နေသည့် လူထုအခြေပြု ဆွေးနွေးအဖြေရှာရေးနှင့်အလေ့အကျင့်များ ညှိနှိုင်းရေးကို မီးမောင်းထိုးပြနိုင်ရန် ရည်ရွယ်ထားပါသည်။

လူမှုမီဒီယာပေါ်ရှိ Bosch အရှေ့တောင်အာရှ