Icon--AD-black-48x48Icon--address-consumer-data-black-48x48Icon--appointment-black-48x48Icon--back-left-black-48x48Icon--calendar-black-48x48Icon--Checkbox-checkIcon--clock-black-48x48Icon--close-black-48x48Icon--compare-black-48x48Icon--confirmation-black-48x48Icon--dealer-details-black-48x48Icon--delete-black-48x48Icon--delivery-black-48x48Icon--down-black-48x48Icon--download-black-48x48Ic-OverlayAlertIcon--externallink-black-48x48Icon-Filledforward-right_adjustedIcon--grid-view-black-48x48Icon--info-i-black-48x48Icon--Less-minimize-black-48x48Icon-FilledIcon--List-Check-blackIcon--List-Cross-blackIcon--list-view-mobile-black-48x48Icon--list-view-black-48x48Icon--More-Maximize-black-48x48Icon--my-product-black-48x48Icon--newsletter-black-48x48Icon--payment-black-48x48Icon--print-black-48x48Icon--promotion-black-48x48Icon--registration-black-48x48Icon--Reset-black-48x48share-circle1Icon--share-black-48x48Icon--shopping-cart-black-48x48Icon--start-play-black-48x48Icon--store-locator-black-48x48Ic-OverlayAlertIcon--summary-black-48x48tumblrIcon-FilledvineIc-OverlayAlertwhishlist
လုပ်ငန်းသမိုင်းကြောင်း

ကမ္ဘာသို့ ခြေလှမ်းများ 1906–1925

ဖတ်ရန်ကြာချိန် 8 မိနစ်

တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကုမ္ပဏီမှ ထိုးဖောက်မှုကနဦးအချိန်သည် ပထမကမ္ဘာစစ်ဒဏ်၏ ဆိုးရွားစွာ ရိုက်ခတ်မှုကို ခံခဲ့ရသည်၊ ယင်းနောက်တွင် Bosch သည် ယင်းအကျိုးသက်ရောက်မှုများကို ရင်ဆိုင်ဖြေရှင်းရန် တီထွင်ဆန်းသစ်မှုကို အသွင်ပြောင်းလဲဖော်ဆောင်ခဲ့ရသည်။

1947 ခုနှစ် နယူးယောက်မြို့ရှိ Bosch စက်ရုံ၏ လိပ်စာတံဆိပ်ခေါင်းပုံ။

အန္တလန်တိတ်သမုဒ္ဒရာ၏ တစ်ဖက်ခြမ်းဆီသို့ — အမေရိကန်ပြည်ထောင်စုတွင် စတင်ခြင်း

အမေရိကန်ပြည်ထောင်စုရှိ သတင်းစာများတွင် မဂ္ဂနက်တို မီးပေးစနစ်များကို ကြော်ငြာခြင်းဖြင့် စတင်ခဲ့ပြီး ယင်းက 1906 ခုနှစ်တွင် Bosch ထံ မှာယူမှုတန်ဖိုးပေါင်း ဒေါ်လာသန်းချီ​ ရှိစေခဲ့ကာ တစ်နှစ်အတွင်း ရောင်းအား နှစ်ဆ ဖြစ်စေခဲ့သည်။ အမေရိကန်ပြည်ထောင်စုရှိ လုပ်ငန်းသည် အလွန်အောင်မြင်မှု ရရှိခဲ့ပြီး 1912 ခုနှစ်တွင် Bosch သည် ၎င်း၏ ရေပန်းစားသော ထုတ်ကုန်ကို မက်ဆာချူးဆက်ရှိ စပရင်းဖီးလ်တွင် ၎င်း၏ ကိုယ်ပိုင်စက်ရုံ၌ စတင် ထုတ်လုပ်ခဲ့သည်။

Bosch ၏ မဂ္ဂနက်တို မီးပေးစနစ်သည် နောက်ဆုံးတွင် အမေရိကန်ပြည်ထောင်စုသို့လည်း ရောက်ရှိလာခဲ့သည်။ ယင်းသည် Bosch ၏ လုပ်ငန်းအောင်မြင်မှုကို စတင်စေခဲ့သည့် 1906 ခုနှစ်မှ ကြော်ငြာဖြစ်ပါသည်။
Bosch ၏ မဂ္ဂနက်တို မီးပေးစနစ်သည် နောက်ဆုံးတွင် အမေရိကန်ပြည်ထောင်စုသို့လည်း ရောက်ရှိလာခဲ့သည်။ ယင်းသည် Bosch ၏ လုပ်ငန်းအောင်မြင်မှုကို စတင်စေခဲ့သည့် 1906 ခုနှစ်မှ ကြော်ငြာဖြစ်ပါသည်။
နယူးယောက်မြို့ရှိ Bosch အမေရိကန်ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများ ရောင်းချမှုရုံးခန်း၊ c. 1908။ ချီကာဂိုတွင် ရှိပြီးသား ရုံးခွဲအပြင် 1909 တွင် ဖရန်စစ္စကိုနှင့် 1910 ခုနှစ်တွင် ဒက်ထရွိုက်၌ နောက်ထပ် ရုံးခွဲနှစ်ခုကို ဖွင့်လှစ်ခဲ့သည်။

88 ရာခိုင်နှုန်း — ဂလိုဘယ်လိုက်ဇေးရှင်းလုပ်ခြင်း၏ ရလဒ်

အမေရိကန် ပြည်ထောင်စုအပြင် Bosch သည် ကမ္ဘာတစ်လွှားရှိ အခြားဈေးကွက်များကို စတင်ကြည့်ရှုခဲ့သည်။ 1906 ခုနှစ်မှစ၍ တောင်အာဖရိက၊ 1907 ခုနှစ်မှစ၍ သြစတြေးလျ၊ 1908 ခုနှစ်မှစ၍ အာဂျင်တီးနား၊ 1909 ခုနှစ်မှစ၍ တရုတ်နိုင်ငံနှင့် 1911 ခုနှစ်မှစ၍ ဂျပန်နိုင်ငံတို့တွင် အရောင်းရုံးခွဲများ ဖွင့်လှစ်လျက် Bosch ၏ ကိုယ်စားလှယ်များ တည်ရှိရာကွန်ရက်တွင် ကမ္ဘာ့တိုက်ကြီးအားလုံး ခြုံငုံပါဝင်ခဲ့သည်။ 1913 ခုနှစ်တွင် ဂျာမဏီနိုင်ငံပြင်ပရှိ လုပ်ငန်းများ၏ ရောင်းအားသည် ကုမ္ပဏီ ရောင်းအား၏ 88% ကို ဖြစ်စေခဲ့သည်။

1910 ခုနှစ်လောက်တွင် Bosch ကို ကမ္ဘာပေါ်ရှိ တိုက်ကြီးများအားလုံးတွင် ကိုယ်စားပြုထားပြီ ဖြစ်သည်။ ယူနိုက်တက် ကင်းဒမ်းရှိ မော်တော်ယာဉ်ပေါင်း 90 ရာခိုင်နှုန်းကျော်တွင် Bosch ၏ မဂ္ဂနက်တိုမီးပေးစနစ်များကို တပ်ဆင်အသုံးပြုထားသည်။

ထုတ်ကုန်အသစ်များ — မီးသီးများ၊ ဂျင်နရေတာများနှင့် စက်စနှိုးသည့်ပစ္စည်းများ

မော်တော်ယာဉ်များသည် နေ့စဉ်သုံးပစ္စည်းတစ်ခု ဖြစ်လာပြီး ပိုမိုဘေးကင်းရေးအတွက် ပိုမိုမြန်ဆန်သည့် မြန်နှုန်းများကို တောင်းဆိုလာသည့်အခါ Bosch သည် 1913 နှင့် 1914 ခုနှစ်တွင် သင့်လျော်သည့် ထုတ်ကုန်များကို စတင်ထုတ်လုပ်ခဲ့သည်။ “Bosch ၏ မီးသီး” အပြင် — ညအချိန်တွင် ကားမောင်းရာ၌ ပိုမိုလုံခြုံစေရန် ရှေ့မီးကြီးများ၊ ဂျင်နရေတာ၊ ထိန်းညှိကိရိယာနှင့် ဘတ်ထရီများပါဝင်သော လျှပ်စစ်စနစ်သုံး အလင်းပေးစနစ်နှင့် စက်နှိုးစနစ်တို့သည် ပို၍ စိတ်ချယုံကြည်မှုကို ဖြစ်စေသည်။

ရုရှားနိုင်ငံ၏ နောက်ဆုံးဘုရင်မဖြစ်သော Delaunay Belleville ပိုင်ဆိုင်သည့် မော်တော်ယာဉ်တွင် Bosch မှ ထုတ်လုပ်သည့် အလင်းပေးနှင့် မီးပေးစနစ်အပြင် အီလက်ထရစ် စက်နှိုးစနစ်တို့ ပါရှိသည်။
ရုရှားနိုင်ငံ၏ နောက်ဆုံးဘုရင်မဖြစ်သော Delaunay Belleville ပိုင်ဆိုင်သည့် မော်တော်ယာဉ်တွင် Bosch မှ ထုတ်လုပ်သည့် အလင်းပေးနှင့် မီးပေးစနစ်အပြင် အီလက်ထရစ် စက်နှိုးစနစ်တို့ ပါရှိသည်။
ဂျင်နရေတာ၊ ရှေ့မီးကြီးများနှင့် ထိန်းညှိကိရိယာတို့ ပါဝင်သော Mercedes 10/25 HP တွင် Bosch ၏ မော်တော်ယာဉ်သုံး အလင်းပေးစနစ် (c. 1913)။
ဂျင်နရေတာ၊ ရှေ့မီးကြီးများနှင့် ထိန်းညှိကိရိယာတို့ ပါဝင်သော Mercedes 10/25 HP တွင် Bosch ၏ မော်တော်ယာဉ်သုံး အလင်းပေးစနစ် (c. 1913)။
ပထမကမ္ဘာစစ်အတွင်း ဂျာမန်စစ်သားများ၏ ပုံ။

ကပ်ဘေး — ပထမကမ္ဘာစစ်

1914 ခုနှစ်တွင် ပထမကမ္ဘာစစ် ပေါ်ပေါက်လာပြီးနောက် နိုင်ငံခြား ဈေးကွက်အားလုံးသည် နေ့ချင်းညချင်းပင် ကွယ်ပျောက်သွားခဲ့ရပြီး သုတေသနနှင့် ဖန်တီးမှုလုပ်ငန်းများလည်း နှောင့်ယှက်ခံလိုက်ရကာ စက်လက်နက်များကို ပြောင်းလဲ ထုတ်လုပ်ခဲ့ရသည်။ မဂ္ဂနက်တို မီးပေးစနစ်များအစား Bosch သည် ဗုံးစနက်တံများကို စတင် ထုတ်လုပ်ခဲ့သည်။ လုပ်သားထု တစ်ဝက်ခန့်သည် စစ်မှုထမ်းရန် ခေါ်ဆောင်ခံခဲ့ရပြီး အမျိုးသမီးများက ၎င်းတို့ကိုယ်စား လုပ်ကိုင်ခဲ့သည်။ ဤစစ်မှုမထမ်းမနေရ စနစ်များကြောင့် ဝန်ထမ်းပေါင်း 453 ဦးသည် စစ်ပွဲမှ ဘယ်တော့မှ ပြန်မလာခဲ့တော့ပေ။

1914 ခုနှစ်တွင် စစ်ဖြစ်ပွားသည့်အခါ အခက်အခဲများကို လျှော့ချရန် Bosch သည် ရှေ့မီးကြီးများ ထုတ်လုပ်ရန် မူလရည်ရွယ်ခဲ့သည့် ခန်းမအသစ်တစ်ခုကို ဆေးရုံတစ်ရုံအဖြစ် ချက်ချင်း သတ်မှတ်လိုက်သည်။
1914 ခုနှစ်တွင် စစ်ဖြစ်ပွားသည့်အခါ အခက်အခဲများကို လျှော့ချရန် Bosch သည် ရှေ့မီးကြီးများ ထုတ်လုပ်ရန် မူလရည်ရွယ်ခဲ့သည့် ခန်းမအသစ်တစ်ခုကို ဆေးရုံတစ်ရုံအဖြစ် ချက်ချင်း သတ်မှတ်လိုက်သည်။

Bosch ကုန်အမှတ်တံဆိပ်

ကုန်အမှတ်တံဆိပ် အသစ်၏ ပုံကြမ်း (1918)

တစ်ကမ္ဘာလုံးတွင်သုံးမည့် ကုန်အမှတ်တံဆိပ်အသစ်

အရောင်းရုံးခွဲများနှင့် ကုန်အမှတ်တံဆိပ်များကို ပထမကမ္ဘာစစ်အတွင်း အပိုင်စီးခံခဲ့ရသည်။ သို့သော် အမေရိကန်ပြည်ထောင်စုတွင် စတင်မိတ်ဆက်ခဲ့သော Bosch ကုမ္ပဏီသည် ကြော်ငြာရန်အတွက် လူသိများသော Bosch ကုန်အမှတ်တံဆိပ်များကို ဆက်လက် အသုံးပြုခဲ့သည်။ ဇဝေဇဝါဖြစ်မှုကို ရှောင်ရှားရန် ခေါင်းဆောင်ဖြစ်သော ဖန်တီးဆန်းသစ်သူ Gottlob Honold က ယနေ့ခေတ် Bosch နှင့် ပင်ကိုအားဖြင့် ဆက်လက်ချိတ်ဆက်နေဆဲဖြစ်သည့် စက်ဝိုင်းထဲတွင် ကျောက်ဆူးပုံ ကုန်အမှတ်တံဆိပ်အသစ်တစ်ခုကို 1918 ခုနှစ်တွင် အမြန် ဒီဇိုင်းရေးဆွဲခဲ့သည်။

ဓာတ်ပုံ : ကုန်အမှတ်တံဆိပ် အသစ်၏ ပုံကြမ်း (1918)

ခြေလှမ်းအသစ — အားလုံးကို တွန်းလှန်လျက်

စစ်ပွဲပြီးဆုံးချိန်တွင် 1917 ခုနှစ်၌ အမည်ပြောင်းထားသော အစိုးရပိုင်ကုမ္ပဏီ Robert Bosch AG သည် အလွန်တရာကြီးမားလှသော အပြောင်းအလဲများနှင့် ရင်ဆိုင်ခဲ့ရသည်။ အပြိုင်အဆိုင်များလာခြင်းနှင့် ၎င်း၏ မူပိုင်ခွင့်များကို ရုပ်သိမ်းခံလိုက်ရခြင်းတို့ကြောင့် ကမ္ဘာ့ဈေးကွက်သို့ ပြန်လည်ဝင်ရောက်ရာတွင် အဟန့်အတားများ ရှိခဲ့သည်။ လက်လျှော့လိုက်ခြင်းသည် နည်းလမ်းတစ်ခု မဟုတ်ပါ။ အဆက်အသွယ်ဟောင်းများကို ပြန်ဖော်ထုတ်ပြီး ဈေးကွက်အသစ်များလည်း ပွင့်လာခဲ့သည်။ တစ်ချိန်တည်းမှာပင် ကုမ္ပဏီသည် အဓိကစွမ်းရည်တစ်ခုဖြစ်သော — ဖန်တီးဆန်းသစ်မှုအတွက် ဆာလောင်မှုအပေါ် အလေးပေး အာရုံစိုက်ခဲ့သည်။

စစ်ပွဲကြောင့် ကုမ္ပဏီအနေဖြင့် လက်လွှတ်ခဲ့ရသည့် နည်းပညာပိုင်းဆိုင်ရာ အဆင့်မြင့်မှုများကို အမြန် အမှီလိုက်ရန် 1920 ခုနှစ်များအတွင်း Feuerbach ရှိ မီးသီးစက်ရုံတွင် တည်ဆောက်မှုများနှင့် စမ်းသပ်မှုများကို အမြန် လုပ်ဆောင်ခဲ့သည်။

ကာလကြာရှည်စွာ ရပ်တည်ပြီး လက်တွဲဆောင်ရွက်ခဲ့သော ၎င်း၏ မိတ်ဖက်ဖြစ်သူ ဆွီဒင်လူမျိုး Fritz Egnell နှင့်အတူ 1921 ခုနှစ်တွင် Bosch သည် စကန်ဒီနေးဗီးယားတွင် Bosch ၏ ထုတ်ကုန်များကို ရောင်းချရန် ဆွီဒင်နိုင်ငံတွင် AB Robo ကို တည်ထောင်ခဲ့သည်။

မော်တော်ယာဉ်သုံး ပစ္စည်းအသစ်များ — ရေသုတ်တံများနှင့် ကားဟွန်း

စစ်ပွဲကြောင့် အနှောင့်အယှက်ဖြစ်ခဲ့ရသော ဆောင်ရွက်ချက်များကို ယခု ပြန်စနေပြီ။ ယာဉ်အသွားအလာ ပို၍ သိပ်သည်းသော လမ်းမပေါ်တွင် ဘေးအန္တရာယ် ကင်းရှင်းရေးသည် Bosch ရှိ သုတေသန ပြုလုပ်သူများနှင့် တီထွင်သူများကို တွန်းအားပေးသည့် အရာတစ်ခု ဖြစ်လာခဲ့သည်။ မော်တော်ဆိုင်ကယ်နှင့် စက်ဘီးမီးများ၊ Bosch ၏ ကားဟွန်း၊ လေကာ ရေသုတ်တံများနှင့် ဘတ်ထရီစွမ်းအင်သုံး မီးပေးစနစ်များကို 1926 ခုနှစ်တွင် ထုတ်ကုန်ပစ္စည်းစာရင်းထဲ၌ ထည့်သွင်းခဲ့သည်။

အင်ဂျင်နီယာဌာနမှ ထုတ်လုပ်ထားသော ပြီးပြည့်စုံသည့် လှပသော ဒီဇိင်းနှင့် နှိပ်လိုက်ပါက ကျယ်လောင်သော အသံ — Bosch ၏ ကားဟွန်း (1921)
အင်ဂျင်နီယာဌာနမှ ထုတ်လုပ်ထားသော ပြီးပြည့်စုံသည့် လှပသော ဒီဇိင်းနှင့် နှိပ်လိုက်ပါက ကျယ်လောင်သော အသံ — Bosch ၏ ကားဟွန်း (1921)
Bosch ၏ အလင်းပေးစနစ်ကို မော်တော်ယာဉ်များတွင် အခိုင်အမာ အောင်မြင်စွာ ထည့်သွင်းပြီးနောက် 1920 ခုနှစ်များ အစောပိုင်းတွင် ကုမ္ပဏီသည် 1921 ခုနှစ်တွင် အိန္ဒိယ အမှတ်တံဆိပ် စက်ကဲ့သို့သော မော်တော်ဆိုင်ကယ်များအတွက် အလေးပေးလုပ်ဆောင်ခဲ့သည်။

မိုးရွာနေစဉ် ရှင်းလင်းစွာ မြင်နိုင်ရေးသည် အလွန်အရေးကြီးသည့် ဘေးအန္တရာယ် ကင်းရှင်းရေး ကြိုတင်ကာကွယ်မှုတစ်ခု ဖြစ်သည်။ Bosch သည် ယင်းသို့ စဉ်းစားလျက် 1926 ခုနှစ်မှစပြီး လေကာရေသုတ်တံများ ထုတ်လုပ်ခဲ့သည်။
မိုးရွာနေစဉ် ရှင်းလင်းစွာ မြင်နိုင်ရေးသည် အလွန်အရေးကြီးသည့် ဘေးအန္တရာယ် ကင်းရှင်းရေး ကြိုတင်ကာကွယ်မှုတစ်ခု ဖြစ်သည်။ Bosch သည် ယင်းသို့ စဉ်းစားလျက် 1926 ခုနှစ်မှစပြီး လေကာရေသုတ်တံများ ထုတ်လုပ်ခဲ့သည်။

Bosch Car Service

Bosch ၏ ဝန်ဆောင်မှု မီးအိမ်သည် ဝပ်ရှော့များ၏ အထင်ကရ လက္ခဏာတစ်ခု ဖြစ်လာခဲ့သည်။

နေရာအားလုံးတွင် စံချိန်စံညွှန်းသတ်မှတ်ထားသည့် ဖောက်သည် ဝန်ဆောင်မှု

တူညီသော စံချိန်စံညွှန်းကို လိုက်နာသည့် သီးခြားရပ်တည်လုပ်ကိုင်နေကြသော ယာဉ်ပြုပြင်တပ်ဆင်ရေး ဝပ်ရှော့အားလုံးကို ချိတ်ဆက်ဆောင်ရွက်ခြင်းသည် အယူအဆအသစ်တစ်ခု မဟုတ်ပါ။ ယင်းသည် စစ်မတိုင်မီကပင် အမေရိကန်ပြည်ထောင်စုတွင် တည်ရှိခဲ့သော အယူအဆ ဖြစ်သည်။ 1921 ခုနှစ်တွင် Bosch သည် ဂျာမဏီနိုင်ငံ ပြင်ပရှိ ၎င်း၏ "Bosch Car Service" ကားရုံများကို စတင်ဖွင့်လှစ်ခဲ့ပြီးနောက် 1930 ခုနှစ်တွင် နိုင်ငံပေါင်း 70 ၌ ဝပ်ရှော့ပေါင်း 2,750 ရှိလာသည်အထိ လုပ်ငန်းက အလျင်အမြန် တိုးတက်လာခဲ့သည်။ ဤဝပ်ရှော့များက Bosch ဟူသော အမည်ကို ကမ္ဘာတစ်လွှားတွင် ပျံ့နှံ့စေခဲ့သည်။

ဓာတ်ပုံ : Bosch ၏ ဝန်ဆောင်မှု မီးအိမ်သည် ဝပ်ရှော့များ၏ အထင်ကရ လက္ခဏာတစ်ခု ဖြစ်လာခဲ့သည်။

လုံးဝမရပ်သော စက်ပတ်ကြိုးများ — ပစ္စည်းများကို တရစပ် တပ်ဆင် ထုတ်လုပ်သည့်စနစ်

နှိုင်းယှဉ်ကြည့်ရာတွင် Bosch သည် အရည်အသွေးပိုင်းတွင် သာလွန်သည်မှာ တဖြည်းဖြည်း ထင်ရှားလာပြီး ကုန်ထုတ်လုပ်ရာတွင်လည်း ပိုမိုမြန်ဆန်၍ ကုန်ကျစရိတ် ပိုသက်သာပါသည်။ အဓိက အကြောင်းရင်းမှာ ပစ္စည်းများကို တရစပ် တပ်ဆင်ထုတ်လုပ်သည့် စနစ်ဖြစ်ပြီး ယင်းသည် 1925 ခုနှစ်မှစ၍ Bosch မှ တစ်ဆင့်ပြီးတစ်ဆင့် စတင်မိတ်ဆက်ခဲ့သည့်အရာ ဖြစ်သည်။ မဂ္ဂနက်တို မီးပေးစနစ်တစ်ခုလုံးကို ထုတ်လုပ်ရန် ယခင်က ရက်ပေါင်း 50 ကြာခဲ့သော်လည်း ပစ္စည်းများကို မနားတမ်းတပ်ဆင်ထုတ်လုပ်သည့်စနစ်က ယင်းကို ငါးရက်အထိ လျှော့ချပေးခဲ့သည်။

ပစ္စည်းများကို တရစပ်တပ်ဆင်ထုတ်လုပ်သည့်စနစ်ကို စတင်မိတ်မဆက်မီ Bosch တွင် ရှေ့မီးကြီးများ ထုတ်လုပ်ခြင်း (1925)။
ပစ္စည်းများကို တရစပ်တပ်ဆင်ထုတ်လုပ်သည့်စနစ်ကို စတင်မိတ်မဆက်မီ Bosch တွင် ရှေ့မီးကြီးများ ထုတ်လုပ်ခြင်း (1925)။
Bosch တွင် ရှေ့မီးကြီးများ ထုတ်လုပ်ရာတွင် ပစ္စည်းတရစပ်တပ်ဆင်ထုတ်လုပ်သည့် စနစ်သို့ ပြောင်းလဲခဲ့သည် (1926)။
Bosch တွင် ရှေ့မီးကြီးများ ထုတ်လုပ်ရာတွင် ပစ္စည်းတရစပ်တပ်ဆင်ထုတ်လုပ်သည့် စနစ်သို့ ပြောင်းလဲခဲ့သည် (1926)။