အရှေ့တောင်အာရှ၏ကိန်းဂဏန်းများ
Bosch ၏ကိန်းဂဏန်းများ

အရှေ့တောင်အာရှ၏ကိန်းဂဏန်းများ

Clock ၇မိနစ်

ကမ္ဘာလုံးဆိုင်ရာ ဆောင်ရွက်နေသော Bosch လုပ်ငန်းစုကြီး၏ အခြေအနေကို ကိန်းဂဏန်းများကကိုယ်စားပြုထားသည်။ ကိန်းဂဏန်းများက ၁၉၁၉ ခုနှစ်ကစပြီး အရှေ့တောင်အာရှတွင် ကျွန်ုပ်တို့လုပ်ဆောင်သမျှအားလုံး၏သက်သေတစ်ခုပင်ဖြစ်သည်။

၂၀၁၈ ခုနှစ်က အရှေ့တောင်အာရှအတွက်ထူးခြားတဲ့နှစ်တစ်နှစ်ပါ။ ဒီဒေသမှာ ဆောင်ရွက်နိုင်ခဲ့တဲ့ ကိန်းဂဏန်းတွေကို ပြန်လေ့လာဆန်းစစ်ရမဲ့အချိန်ပါပဲ။

ကင်မရာ ၇၁၂ လုံး

အင်ဒိုနီးရှား၏ပထမဆုံး Light rail system , Palembang Light Rails Transit system မှာ Bosch ရဲ့ စောင့်ကြည့်ကင်မရာ ၇၁၂ လုံးတပ်ဆင်ထားပါတယ်။ ၂၀၁၈ Asian Games ကို ပိုမိုလွယ်ကူစေဖို့ ၂၃.၄ ကီလိုမီတာ ရှိတဲ့ long train systemဖြင့် Sultan Mahmud Badaruddin II နိုင်ငံတကာလေဆိပ်နဲ့ Jakabaring Sport City ကို ဆက်သွယ်ပေးပြီး ဒီနေရာနှစ်ခုကို သွားတဲ့အချိန် ၃၀ ကနေ ၄၅မိနစ်ဝန်းကျင်ခန့်ကို လျှော့ချပေးနိုင်ခဲ့ပါတယ်။

အင်ဒိုနီးရှားနိုင်ငံရဲ့လမ်းများက ကမ္ဘာပေါ်ရှိ ယာဉ်ကျောပိတ်ဆို့မှုများတဲ့ လမ်းတွေထဲကတစ်ခုအပါအ၀င်ဖြစ်ပြီး နေ့စဉ် ယာဉ်ပေါင်း၁၃.၆ သန်းခန့်သွားလာနေကာ အထူးသဖြင့် passenger ကားနှင့် မော်တော်ဆိုင်ကယ်များထုတ်လုပ်မှုကလည်း တိုးတက်လာသည်။ ၂၀၁၈ခုနှစ်မှာ Bosch ရဲ့ကားအပိုပစ္စည်း ၂.၆သန်းတန်ဖိုးခန့် ခန့်မှန်းချေအားဖြင့် ၁၉၉၄ ကအမေရိကားမှာ ကျင်းပခဲ့တဲ့ ဖီဖာ ကမ္ဘာ့ဖလားဘောလုံးပွဲတက်ရောက်ခဲ့တဲ့ လူဦးရေ အရေအတွက်နီးပါးလောက် ရောင်းအားရှိခဲ့ပါတယ် ။ ယာဉ်လမ်းအန္တရာယ်ကာကွယ်ရေးအတွက် ထောက်ခံသောအားဖြင့် Bosch အနေဖြင့် ပို့ဆောင်ရေးဝန်ကြီးဋ္ဌာနနှင့် သဘောတူညီမှုချုပ်ဆိုခဲ့ ဒေသတွင်း အစိုးရအဖွဲ့အစည်း၏ ယာဉ်လမ်း အန္တရာယ်ကင်းရှင်းရေးလှုပ်ရှားမှုများကို အားပေးကူညီခဲ့သည်။

100 millions Power tools

Bosch Malaysia

မလေးရှားနိုင်ငံရှိ ပီနန်ဒေသမြောက်ပိုင်းမှာရှိတဲ့ Bosch စက်ရုံ ၃ခုကနေ Car multimedia , Automotive steering systems နဲ့ power tools တွေကို ထုတ်လုပ်ပေးနေပါတယ် ။ အရှေ့တောင်အာရှဒေသမှာ နိုင်ငံတစ်နိုင်ငံထဲကနေ များပြားလှတဲ့ ကုန်ထုတ်လုပ်မှုတစ်ခုပါ။

၁၉၉၂ ခုနှစ် ကနေ လုပ်ငန်းခွင်သုံး tools တွေ ကို စတင်ထုတ်လုပ်ခဲ့တဲ့ ပီနန်ရှိ Bosch Power tools plant က ယနေ့ဆိုရင် သန်းပေါင်း ၁၀၀ ခန့ှ်ထုတ်လုပ်နိုင်ခဲ့တဲ့ သမိုင်းမှတ်တမ်းတစ်ခုကို ရောက်ရှိနေပါပီ ။ ၂၀၁၈တစ်နှစ်ထဲ Power Tools plant က tools ပေါင်း ၁၇သန်းခန့် နဲ့ Battery pack တွေထုတ်လုပ်ခဲ့သည်။ ဒီအရေအတွက် ဟာ စင်ကာပူနိုင်ငံမှာဆိုရင် လူတယောက်ကို tools ၃ခုနဲ့ battery pack တစ်ခု ရောင်းချနိုင်ပါတယ်။

25,000 Fans

Bosch Myanmar

ယာဉ်လမ်း အန္တရာယ်ကင်းရှင်းရေးအတွက် အနုပညာဖန်တီးမှုနဲ့ ပေါင်းစပ်ပြီးတိုက်ဟောင်းနံရံပေါ်မှာပုံရိပ်ဖန်တီးခဲ့ တဲ့ Beauty Beneath Campaign ဟာ Facebook လူမှုကွန်ယက်မှာ စိတ်ဝင်စားမှုအများဆုံးသတင်းတပုဒ်ဖြစ်ခဲ့ပါတယ်။ share ပေါင်း ၇၀၀၀ ကျော်နဲ့ လူပေါင်း ၂၅၀၀၀ က Like လုပ်ပေးခဲ့ပြီး လူဦးရေ ၃.၆ သန်းက ၀င်ရောက်ကြည့်ရှုခဲ့ပြီး ယာဉ်လမ်းအန္တရာယ်ကာကွယ်ရေးနှင့်အတူ ယာဉ်ကားများအတွက် အရေးကြီးလှတဲ့ နည်းပညာအကြောင်းကိုလဲ ဒေသခံများကို မျှဝေပေးနိုင်ခဲ့ပါတယ်။

ဒေသခံပေါင်း ၆၀၀

Primavera ရဲ့အထောက်အပံ့နဲ့ Bosch ၀န်ထမ်းများဦးဆောင်နေတဲ့ လူမှုအဖွဲ့အစည်းက ဖိလစ်ပိုင်နိုင်ငံရှိ Bosch နဲ့ ပူးပေါင်းပြီး Elsie Gaches ရွာမှ ဒေသခံများရဲ့ နေထိုင်မှုများပိုအဆင်ပြေစေဖို့ ကူညီပေးခဲ့ပါတယ် ။ Alabang ရှိ စတုရန်းမီတာတစ်သောင်း လောက် အကျယ်အ၀န်း ဘောလုံးကွင်းအနေဖြင့် ၁၆ ကွင်းခန့်ရှိတဲ့ မြေနေရာပေါ်မှာ များသောအားဖြင့် မိဘများက ဂရုမစိုက်ပဲ စွန့်ပစ်ထားသောကလေးငယ်များ စတဲ့ ဒေသခံပေါင်း ၆၀၀ ခန့်အတွက် နေထိုင်ရန်ဖန်တီးပေးခဲ့ပါတယ် ။

Bosch က ဖိလစ်ပိုင်နိုင်ငံရှိ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အဖွဲ့အစည်းဖြစ်တဲ့ Haribon ဖောင်ဒေးရှင်းနဲ့ ပူးပေါင်းပြီးLumban ,Laguna ရှိ Buhay Punlaan မှာ အပင်၄၀၀ကျော် စိုက်ပျိုးခဲ့ပါတယ်။အပင်တစ်ပင်အနေနဲ့တစ်နှစ်မှာကာဗွန်ဒိုင်အောက်ဆိုဒ် ၄၈ ပေါင်ခန့် စုပ်ယူနိုင်တဲ့အတွက် Bosch ရဲ့ သစ်ပင်စိုက်ပျိုး လှုပ်ရှားမှုက နှစ်စဉ် ကာဗွန်ဒိုင်အောက်ဆိုဒ် ပေါင် ၁၉၂၀ ခန့်လျှော့ချပေးနိုင်ပါတယ်။

Bosch Philippines

အဖွဲ့ ၂၄ ဖွဲ့

Bosch Singapore

Bosch Global innovation challenge အတွက် Bosch ၀န်ထမ်းတွေပေါင်းစပ်ထားတဲ့ အဖွဲ့ပေါင်း ၂၄ ဖွဲ့ရှိလာပါတယ်။ရည်ရွယ်ချက်ကတော့ နည်းပညာသစ်တွေရဲ့ ပံ့ပိုးမှုနဲ့ စီးပွားရေးနဲ့ လူမှုရေးကဏ္ဏမှာ နေ့စဉ်ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ကူညီပေးလိုပါတယ်။ ရွေးချယ်ခံခဲ့ရတဲ့ စိတ်ကူးသစ်ကတော့ Bosch Intelligent Microgrid for Asia ပါပဲ ။BIMA ဆိုတာ စွမ်းအင်အရစ်အမြစ်မျိုးစုံ ၊ သိုလှောင်အား နဲ့ ၀န်အားတွေကို ပိုပြီး စိတ်ချစွာ ပေါင်းစပ်အသုံးပြုနိုင်ပြီး ကုန်ကျစရိတ် လျော့ကျစေဖို့ပါ ။ ဒီစနစ်မှာ intelligent microgrid controller , အသုံးပြုသူစိတ်ကြိုက်ဖြစ်နိုင်တဲ့ ဒီဇိုင်း ၊ an analytics နဲ့ service package တွေပါဝင်ပါတယ်။ BIMA ကို နေ့စဉ်တိုင်း လျှပ်စစ်အားပြတ်တောက်မှု ဆိုးရွားလှတဲ့ အင်ဒိုနီးရှားနိုင်ငံ တီမောရှိ Nimasi Community Health clinic မှာ တပ်ဆင်ပေးခဲ့ပါတယ် ။ ဒီ စနစ်တပ်ဆင်ပြီးတဲ့ အချိန်ကစလို့ လျှပ်စစ်မီးပြတ်တောက်မှုလုံးဝမရှိတော့ပဲ လုပ်ငန်းလည်ပတ်မှု ပိုမိုမြန်ဆန်ခဲ့ပါတယ် ။

၃ စက္ကန့်

Bosch Thailand

ထိုင်းနိုင်ငံရှိ Power Train Solution plant က electrical connector ထုတ်လုပ်မှုမှာ ၁၀ သန်းလောက် ရှိနေပါပီ။ အကြမ်းဖျင်းအားဖြင့် အချိန် ၃ စက္ကန့်အတွင်း electrical connector တစ်ခု ထုတ်လုပ်နိုင်ပါတယ် ။ ၂၀၁၇ ဒီဇင်ဘာလကနေစတင်ခဲ့တဲ့ Hemaraj plant က ကျွမ်းကျင်နည်းပညာနဲ့ အရည်အချင်းပြည့်မီတဲ့ ၀န်ထမ်းတွေအတွက် အလုပ်အကိုင်အခွင့်အလမ်း တွေသာမက ထိုင်းနိုင်ငံရှိ အင်ဂျင်နီယာ ပညာရပ်ပိုင်းတွင် အဆင့်မြင့်ဆုံး အဆင့်ကိုရောက်စေခဲ့သည် ။

30 million CVT pushbelts

Bosch Vietnam

၂၀၁၈ နှစ်ကုန်မှာစင်ကာပူနိုင်ငံရဲ့လူဦးရေက ၅သန်းခန့်ရှိလာပါတယ်။ ဒီကိန်းဂဏန်းက ဗီယက်နမ်နိုင်ငံမှာရှိတဲ့ Bosch Powertrain Solutions plant အဆက်မပြတ်ထုတ်လုပ်နေတဲ့ (CVT) pushbelt အရေအတွက်ကို ကိုယ်စားပြုနိုင်ပါတယ် ။ CVT pushbelt အနေဖြင့် အချိန်တိုအတွင်း drive axle သို့ စွမ်းအင်ထုတ်လွှတ်နိုင်ရန် စွမ်းဆောင်ပေးသော အစိတ်အပိုင်းဖြစ်သည်။ ၁၀နှစ်တာအချိန်အတွင်း စက်ရုံအနေဖြင့် ကမ္ဘာလုံးဆိုင်ရာဈေးကွက်အတွက် CVT pushbelts သန်း၃၀ ခန့်ထုတ်လုပ်ပေးနိုင်ခဲ့သည်။

ဤအရာကို မျှဝေရမည့်နေရာ :

Bosch contact

Bosch နှင့်ဆက်သွယ်လိုက်ပါ။

ကော်ပိုရိတ်ဆက်သွယ်ရေးများ
တယ်လီဖုန်း
အီးမေးလ်

More news