၂၀၂၀ ခုနှစ်တွင် ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှု ကင်းမဲ့ စေခြင်း ဗီဒီယို
Green Matters

၂၀၂၀ ခုနှစ်တွင် ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှု ကင်းမဲ့ စေခြင်း

5 မိနစ်အဘို့ကိုဖတ်ရှု

မူမမှန်တဲ့ ရာသီဥတုပြောင်းလဲခြင်းတွေက ကျွန်ုပ် တို့အားလုံးရဲ့ စိန်ခေါ် မှုတစ်ခုဖြစ်လာတဲ့အတွက် ဒီလို ပြောင်းလဲမှုတွေကို ကာကွယ်နိုင်ဖို့ တိကျသေချာတဲ့ရည်မှန်းချက်တွေနဲ့ လုပ်ဆောင်နိုင်ဖို့ ကျွန်ုပ် တို့ ပြင်ဆင် နေပါတယ် ။

၂၀၂၀ ခုနှစ်တွင် ကမ္ဘာတ၀န်းရှိ ကျွန်ုပ်တို့ အဖွဲ့အစည်း နှင့်သက်ဆိုင်ရာ နယ်ပယ် များတွင် ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှု ကင်း‌‌ဝေးစေဖို့ ဆောင်ရွက် နေပါတယ်။ ယခု နှစ်ပိုင်း လုပ်ဆောင်မှုများကို တိုင်းတာပြီး ၂၀၃၀ ခုနှစ်တွင် နောက်တဆင့် အနေဖြင့် ရာသီဥတုပြောင်းလဲခြင်းကို ကာကွယ်နိုင်ရန် ထပ်တိုးလုပ်ဆောင် သွားပါမည် ။

ရာသီဥတုနှင့်ပတ်သက်လာလျှင် စကားလုံးများနှင့် ပြောနေရုံဖြင့်မရပါ။ ကုမ္ပဏီများအနေဖြင့် ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှု ကင်း‌ဝေးစေဖို့ ကို ယခုအချိန် မှစ၍ စတင် လုပ်ဆောင်သင့်ပါပြီ။

Dr. Volkmar Denner, Chairman of the Board of Management

ကျွန်ုပ်တို့၏ ဖြေရှင်းနည်းလမ်း

စွမ်းအင်လုံလောက်စွာရရှိရေးနှင့် အသစ်ပြန်လည် အသုံးပြုနိုင်သော အရင်းအမြစ်များမှ မိမိတို့ကိုယ်တိုင် စွမ်းအင်များ ထုတ်လုပ်ခြင်းစသည့် အချက်နှစ်ချက်တို့သည် ကျွန်ုပ်တို့၏ ရာသီဥတုပြောင်းလဲခြင်းကိုကာကွယ်နိုင်ရန် ရည်မှန်းချက်ကို အကောင်အထည်ဖော်ရာတွင် အဓိကနေရာမှ ပါဝင်နေသည်။ Bosch သည် ၂၀၃၀ ခုနှစ်တွင် စွမ်းအင် 1.7 TWh ကို စုဆောင်းမိလိုပြီး စွမ်းအင်လိုအပ်ချက်အတွက် အသစ်ပြန်အသုံးပြုနိုင်သော ကိုယ်ပိုင် အရင်းအမြစ်များမှ စွမ်းအင် 400 GWh ကို ထုတ်လုပ်လိုပါသည်။ သတ်မှတ်ထားသော စွမ်းအင် ပမာဏထုတ်လုပ်နိုင်ရေးကို ဘဏ္ဍာရေးအရ အထောက်အကူပြုနိုင်ရန် Bosch ၏ စီမံခန့်ခွဲရေးဘုတ်အဖွဲ့မှ ၂၀၁၈ ခုနှစ်မှ ၂၀၃၀ ခုနှစ်အထိ နှစ်စဉ်ထပ်ဆောင်းအသုံးစားရိတ် ယူရိုသန်း ၁၀၀ ကို အသုံးပြု ခွင့်ပေးခဲ့ပါသည် ။

မက္ကစီကိုရှိလေတိုက်တာဘိုင်

ကျွန်ုပ်တို့၏ ကာဗွန်ဓါတ်‌ငွေ့ ထုတ်လွှတ်မှုကင်းမဲ့စေရန်လုပ်ဆောင်မှုများအတွက် အသစ်ပြန်အသုံးပြုနိုင်သော အရင်းအမြစ်များဖြင့် သဘာ၀ စွမ်းအင်ထုတ်လုပ်မှု

co2-logo

ဓာတ်ငွေ့ထုတ်လွှတ်မှု လျှေ့ာချနိုင်ဖို့ ဆောင်ရွက်နေသည့် ကျွန်ုပ်တို့အတွက် အရေးပါသည့် အချက်တစ်ခုသည် ယခုလက်ရှိစက်ရုံများမှပင် အသစ်ပြန်သုံးနိုင်သော အရင်းအမြစ်များဖြင့် သဘာ၀ ပတ်ဝန်းကျင်မထိခိုက်စေပဲ လျှပ်စစ်စွမ်းအင်ကို ထုတ်ယူရန်ဖြစ်ပါသည်။

စွမ်းအင်အသစ်ထုတ်လုပ်နိုင်ရန် လိုအပ်သည့် နေရာများတွင် ကို အထူးအာရုံစိုက်ခြင်းဖြင့် ထုတ်လုပ်မှု အတိုင်းအတာပမာဏကို တိုးမြှင့်သွားလိုပါသည်။ အဓိကဆောင်ရွက်မှုများမှာ စွမ်းအင်ထုတ်လုပ်ရန် ရင်းနှီးမြှုပ်နှံ သူများနှင့် နှစ်ရှည်သီးသန့်စာချုပ်များချုပ်ဆိုခြင်း (ဥပမာ - လေအားလျှပ်စစ်တာဘိုင်များ သို့မဟုတ် ဆိုလာပန်းခြံများ)။ BOSCH ၏ ရည်မှန်းချက် တစ်ခုအဖြစ် ဤစက်ရုံအသစ်များကို တည်ဆောက်ခြင်းဖြစ်ပြီး ဤနည်းလမ်းဖြင့် ရာသီဥတုအပြောင်းအလဲကိုကာကွယ်ရေးအတွက် အခိုင်အမာ လုပ်ဆောင်နိုင်မည် ဖြစ်ပါသည်။

ဆက်စပ်ဖြေရှင်းနည်းတစ်ခုအဖြစ် ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လွှင့်မှုကိုလျှော့ချခြင်း

မိုးသစ်တော၏ဓာတ်ပုံ

ရာသီဥတုပြောင်းလဲခြင်းကို ကာကွယ်နိုင်ရန် ရည်မှန်းချက်အတွက် ကျွန်ုပ်တို့၏ တတိယမောင်းနှင်အားသည် ပေါက်ကွဲ လောင်ကျွမ်းမှုလုပ်ငန်းစဥ် များမှ ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လွှင့်မှုများကို လျှော့ ချနိုင် ဖို့ဖြစ် ပါသည်။ ကာဗွန်ဓါတ်ငွေ့ ကင်း‌ရှင်းရေး ဆောင်ရွက်နိုင်ရန်အတွက် အထက်ပါမောင်းနှင်အားများကို ရရှိင်ရန် အလှမ်း‌ဝေးသည့်နိုင်ငံများ (ဆိုလိုသည်မှာ အသစ်ပြန်အသုံးပြုနိုင်သော အရင်းအမြစ်များဖြင့် သဘာ၀ ပတ်ဝန်းကျင်ကို မထိခိုက်စေဘဲ ထုတ်ယူနိုင်သော လျှပ်စစ်စွမ်းအင်ကို ကန့်သတ်အတိုင်းအတာတစ်ခုထိသာ ဝယ်ယူရရှိနိုင်ခြင်း) အတွက် ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှင့်မှုကို လျှော့ချနိုင်ရန်အထူးအ‌ရေးကြီးလှပါသည်။ စီမံကိန်းတစ်ခုကို ရွေးချယ်သည့်အခါ ကျွန်ုပ်တို့သည် သာမန်ထက်မြင့်သောစံနှုန်းများဖြင့် (ဥပမာ - ရွှေအဆင့်စံနှုန်းများ) သတ်မှတ်ပါသည်။ ထို့ အပြင် German Federal Ministry for Economic Cooperation and Development (BMZ) မှ စတင်တည်ထောင်ခဲ့သည့် Alliance for Development and Climate အဖွဲ့အစည်းနှင့်လည်း ကျွန်ုပ်တို့ ပူးပေါင်းဆောင်ရွက်နေပါသည်။

စွမ်းအင်လုံလောက်စွာထုတ်လုပ်နိုင်မှုနှင့် အသစ်ပြန်သုံးနိုင်သော အရင်းအမြစ်များမှစွမ်းအင်ထုတ်လုပ်နိုင်ရေး သည် သဘာ၀ပတ်၀န်းကျင်ထိခိုက်‌စေသော ကာဗွန်ဓါတ်ငွေ့ ကင်းရှင်းစေဖို့ အဓိကမောင်းနှင်အားများဖြစ်ပါသည်။

Torsten Kallweit, Head of EHS and Sustainability

ဤအရာကို မျှဝေရမည့်နေရာ :

Get in touch with Bosch

Get in touch with Bosch

Corporate Communications
တယ်လီဖုန်း

Send us a message

More news